covid myanmar image

UMG Group of Companies ရဲ့ UMG Family Gathering ကို ၂၀၁၉ ခုနှစ် မေလ (၄) ရက်နေ့တွင် Yangon Waterboom ရှိ Car Parking ဧရိယာတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။  အဆိုပါ ပွဲတွင် UMGians နှင့် မိသားစုဝင် (၂၀၀၀) နီးပါး လာရောက်ခဲ့ပြီး အားလုံး စားလိုက်သောက်လိုက်၊ ဂိမ်းဆော့လိုက်၊ ဈေးရောင်းလိုက်၊ ကံစမ်းမဲရင်ခုန်လိုက်နဲ့ ပျော်ရွှင်စရာ အခိုက်အတန့်ကို ဖန်တီးနိုင်ခဲ့ပါတယ်။


အဆိုပါ UMG Family Gathering အရောင်းပွဲတွင် ပထမ Most Additional Profit ကို Win Finance Team၊ ဒုတိယ Most Additional Profit ကို UCM Team၊ တတိယ Most Additional Profit ကို CFO Team ၊ စတုတ္ထ Most Additional Profit ကို Win Food Team နှင့် ပဉ္စမ Most Additional Profit ကို Yangon Branch Team တို့မှ အသီးသီးရရှိခဲ့ကြပါတယ်။ (1) ပထမ – PMC -680၊ (2) ဒုတိယ – CMC+CMS – 632၊ (3) တတိယ – CE1 – 560၊ (4) စတုတ္ထ – CAM – 500 နှင့် (5) ပဉ္စမ – CHLD – 480 တို့မှလည်း Cupon အများဆုံး ရောင်းချပေးနိုင်ခဲ့တဲ့ အတွက် မှတ်တမ်းတင် ဂုဏ်ပြုဖော်ပြအပ်ပါတယ်။


ပျော်ရွှင်စရာ ပွဲလေးဖြစ်အောင် ပူးပေါင်း ပါဝင်ကြသော Business Unit, Branches & Division များမှ တာဝန်ရှိသူများနှင့် UMGians များအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ယခုနှစ် ကျင်းပပြုလုပ်သော UMG Family Gathering ပွဲတွင် အားနည်းချက်များ ရှိပါက နားလည်ပေး မယ်လို့ ယုံကြည်ပါတယ်။ နောက်လာမည့် နှစ်တွေမှာလည်း ယခုထက် ပိုမိုကောင်းမွန်သော အစီအစဉ်များဖြင့် အကောင်းမွန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်လို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ယခုတည်းက ဖိတ်ခေါ်အပ်ပါတယ်။