CSR ACTIVITIES

We always post up to date CSR activity.

HOME CSR ACTIVITIES
  • Tennannt Product

    UMG Group of Companies မှ ကြီးမှူးကျင်းပသည့်  UMG Myanmar ရဲ့ (၂၆)နှစ်ပြည့်အထိမ်းအမှတ်အကြို ဖူဆယ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် Yangon Waterboom Grass (1) Area တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲအခမ်းအနားသို့ UMG Group of Companies ၏ Chairwoman ဖြစ်သူ ဒေါက်တာမာလာဝင်း မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

    26th Anniversary UMG Futsal Championship ပြိုင်ပွဲတွင် အမျိုးသားအသင်း (၁၁)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပွဲအဖြစ် Supply Chain အသင်း နှင့် CCD အသင်းတို့မှ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။
    ပထမဆုကို Supply Chain အသင်းမှ ရရှိခဲ့ပြီး ဆုကြေးငွေ (၂၀) သိန်းကျပ်၊ ဒုတိယဆုကို CCD အသင်းမှ ရရှိခဲ့ပြီး ဆုကြေးငွေ (၁၅) သိန်းကျပ်၊ တတိယဆုကို Win Progress အသင်းမှရရှိခဲ့ပြီး ဆုကြေးငွေ (၁၀) သိန်းကျပ်တို့နှင့်အတူ တစ်ဦးချင်းဆုတံဆိပ်၊ အသင်းလိုက် ဆုတံဆိပ်များ ချီးမြှင့်ခဲ့ပါသည်။ 

    ယခုနှစ်တွင် ထူးခြားချက်အနေနှင့် အမျိုးသမီးအသင်းအဖြစ် Gandamar အသင်းနှင့် Kumudra အသင်းတို့မှ ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။

    ပထမဆုကို Gandamar အသင်းမှ ရရှိခဲ့ပြီး ဆုကြေးငွေ (၁၂) သိန်းကျပ်၊ ဒုတိယဆုကို Kumudra အသင်းမှ ရရှိခဲ့ပြီး ဆုကြေးငွေ (၈) သိန်းကျပ်တို့နှင့်အတူ တစ်ဦးချင်းဆုတံဆိပ်၊ အသင်းလိုက် ဆုတံဆိပ်များ ချီးမြှင့်ခဲ့ပါသည်။ 

    ထို့အပြင် အကောင်းဆုံးဂိုးသမားဆုကို Supply Chain အသင်းမှ ကိုဝေလင်းထက်နှင့် အကောင်းဆုံးကစားသမားဆုကိုတော့ Supply Chain အသင်းမှပင် ကိုဇေလှိုင်ခန့် တို့က ရရှိခဲ့ပါသည်။

  • Tennannt Product

    UMG Group of Companies ရဲ့ ၂၅ နှစ်မြောက် အထိမ်းအမှတ် အစီအစဉ်လေးမှာ ဖူဆယ်ပြိုင်ပွဲလေး ထည့်သွင်းကျင်းပပေးရတဲ့ ရည်ရွယ်ချက်ကတော့ အသင်းအဖွဲ့ စိတ်ဓာတ်နဲ့ ဝန်ထမ်းအားလုံး စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်အပြင်၊ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ဦးတည်ချက်၊ ဇွဲလုံလ ဝိရိယတို့ဖြင့် ကာယကြံ့ခိုင်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ကျင်းပပေးရခြင်းပဲ ဖြစ်ပါတယ်။ 

    ပြိုင်ပွဲများ အဆင့်ဆင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီးနောက်မှာတော့ ဗိုလ်လုပွဲ အခမ်းအနားကို Yangon Waterboom ရှိ Grass 2 ဧရိယာတွင် (၅.၇.၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

  • Tennannt Product

    ဒီနေ့မှာတော့ UMG Group of Companies ရဲ့ ဝန်ထမ်းများအချင်းချင်း ပိုမိုရင်းနှီးကာ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ ကြိုးစားလုပ်ကိုင်သွားကြဖို့အတွက် ရည်ရွယ်ပြီး တတိယအကြိမ်မြောက် UMG Family Gathering 2023 ပွဲကြီးကို Yangon Waterboom မှာ ကျင်းပပေးခဲ့ပါတယ်။

  • Tennannt Product

    UMG Group of Companies ဝန်ထမ်းများ၏ သီတင်းကျွတ်ဂါရဝပြု ကန်တော့ပွဲအခမ်းအနားကို ယနေ့ UMG ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သီတင်းကျွတ် ဂါရဝပြုကန်တော့ပွဲသို့ UMG Group of Companies ၏ Founder & Chairwoman ဖြစ်သူ MD ဒေါ်မာလာဝင်းနှင့် CEO ဖြစ်သူ ဦးကီဝီ Mr. Kiwi Aliwarga တို့မှ တက်ရောက်၍ ဂါရဝပြု ခံယူခဲ့ကြပါသည်။

    ထို့နောက် ကန်တော့ခံပုဂ္ဂိုလ်များမှ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ဝါကျွတ်ကာလ ဂါရဝပြုခြင်းအတွက် မင်္ဂလာဩဝါဒစကားများ ပြောကြားပေးခဲ့ပါသည် ခင်ဗျာ ..

  • Tennannt Product

    UMG Group of Companies မှ နှစ်စဥ်နှစ်တိုင်း ကျင်းပလှူဒါန်းမြဲဖြစ်သော (၅) ကြိမ်မြောက် ကထိန်အလှူတော်မင်္ဂလာကို လှိုင်သာယာမြို့နယ်၊ သမကုန်းမှာရှိတဲ့ "ကျွန်းကလေး ပရိယတ္တိစာသင်တိုက်၊ ဘုန်းတော်ကြီးကျောင်း" မှာ ယနေ့ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ BU အသီးသီး၊ DIV အသီးသီး၊ ရုံးခွဲအသီးသီးမှ ပဒေသာပင်များ ပြုလုပ်ကာ အတူတကွ စုပေါင်းပို့ဆောင် လှူဒါန်းခဲ့ပုံများနဲ့ အလှူတော် မင်္ဂလာအခမ်းအနား ပုံရိပ်များကို အားလုံး သာဓုခေါ်ဆိုပြီး ကုသိုလ်ယူနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။

  • Tennannt Product

    UMG Group of Companies မှ Employee များ၏ Problem Solving Skill, Decision Making Skill, Team work နှင့် Leadership skill တိုးတက်စေရန်၊ အဖွဲ့အစည်းများ၏ Products & Service Quality များတိုးတက်လာစေရန်၊ Management နှင့် Employee ကြားရှိ Relationship တိုးတက်လာစေရန် စသဖြင့်ရည်ရွယ်များဖြင့် QCC (Quality Control Cycle) Projects များ ချမှတ်ပြီး ၂၀၁၈ စ၍ တစ်နှစ် တစ်ကြိမ် ပြုလုပ်ပေးလျှက်ရှိပါတယ်။ ယခုကျင်းပသော ဒုတိယအကြိမ်တွင် UMG လက်အောက်ရှိ Business Unit (၉) ခု မှ ပါဝင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး CEO နှင့် Top Management များ တက်ရောက်အားပေး ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်အတွက် QCC Award တွင် ပထမဆုရရှိသော Win Motor Co.,Ltd. အား Certificate နှင့် ဂုဏ်ပြုဆုငွေ (၃)သိန်း၊ ဒုတိယဆုရရှိသော Win Strategis Co.,Ltd. အား Certificate နှင့် ဂုဏ်ပြုဆုငွေ (၂)သိန်း၊ တတိယဆုရရှိသော People Origin Co.,Ltd. အား Certificate နှင့် ဂုဏ်ပြုဆုငွေ (၃)သိန်း တို့အား ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

  • Tennannt Product

    မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်သို့ ကူးပြောင်းတော့မည့် မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ကြိုဆိုသောအားဖြင့် UMG Group of Companies မှ ဝန်ထမ်းမိသားစုများမှ ၂၀၁၉ ခုနှစ် ဧပြီ ၁၂ ရက်နေ့တွင် စုပေါင်းကျင်းပခဲ့သည်။ အဆိုပါသင်္ကြန်ပွဲတော်တွင် ဌာနတစ်ခုစီမှ တီးဆိုကပြ ဖျော်ဖြေပေးခဲ့ကြပြီး စတုဒီသာကျွေးမွေးခြင်း၊ သင်္ကြန်ကံစမ်းမဲဆုများ လက်ဆောင်ပေးခြင်းများဖြင့် ပျော်ပျော်ရွှင်ရွှင် ကျင်းပပြီး စီးခဲ့သည်။


    နှစ်သစ်မှာ UMGians နှင့်တကွ မြန်မာပြည်သူပြည်သားအားလုံး ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်း ပေးအပ်ပါသည်။

  • Tennannt Product

    UMG Group of Companies ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်သော UCM (UMG College Myanmar) ၏ နှစ်သစ်ကူးသင်္ကြန်အကြို Water festival ကို ၂၀၁၉ ခုနှစ် ဧပြီ ၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ အဆိုပါပွဲတွင် UCM မှ ကျောင်းသားကျောင်းသူ၊ ဆရာ၊ ဆရာမများမှ သီချင်း၊ အက၊ သံချပ်များနှင့် ကပြ ဖျော်ဖြေခဲ့ကြပြီး စတုဒီသာကျွေးမွေးခြင်းနှင့်အတူ ပျော်ရွှင်စွာရေ ကစားခဲ့ကြ သည်။

  • Tennannt Product

    Yangon Waterboom မိသားစု ရဲ့ Staff Thingyan လေးမှ ပျော်ရွှင်စရာ Memory လေးတွေကို ပြန်လည်ဝေမျှပေးပါရစေနော် Yangon Waterboom ရဲ့ Staff Thingyan ကိုပါဝင်ဆင်နွှဲပေးခဲ့သော Waterboom မိသားစုဝင်များနှင့် တာဝန်ရှိသူများ အားလုံးကိုလည်းကျေးဇူးအထူးတင်ရှိကြောင်းလည်းပြောလိုက်ပါရစေ….. အတာရေနှင့်အတူ….. အေးချမ်းကြပါစေလို့လည်း ဆုတောင်းမေတ္တာခြွေလိုက်ပါရစေ…….

  • Tennannt Product

    UMG Family Gathering

    8 January 2018

    UMG Group of Companies ရဲ့ UMG Family Gathering ကို ၂၀၁၉ ခုနှစ် မေလ (၄) ရက်နေ့တွင် Yangon Waterboom ရှိ Car Parking ဧရိယာတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။  အဆိုပါ ပွဲတွင် UMGians နှင့် မိသားစုဝင် (၂၀၀၀) နီးပါး လာရောက်ခဲ့ပြီး အားလုံး စားလိုက်သောက်လိုက်၊ ဂိမ်းဆော့လိုက်၊ ဈေးရောင်းလိုက်၊ ကံစမ်းမဲရင်ခုန်လိုက်နဲ့ ပျော်ရွှင်စရာ အခိုက်အတန့်ကို ဖန်တီးနိုင်ခဲ့ပါတယ်။


    အဆိုပါ UMG Family Gathering အရောင်းပွဲတွင် ပထမ Most Additional Profit ကို Win Finance Team၊ ဒုတိယ Most Additional Profit ကို UCM Team၊ တတိယ Most Additional Profit ကို CFO Team ၊ စတုတ္ထ Most Additional Profit ကို Win Food Team နှင့် ပဉ္စမ Most Additional Profit ကို Yangon Branch Team တို့မှ အသီးသီးရရှိခဲ့ကြပါတယ်။ (1) ပထမ – PMC -680၊ (2) ဒုတိယ – CMC+CMS – 632၊ (3) တတိယ – CE1 – 560၊ (4) စတုတ္ထ – CAM – 500 နှင့် (5) ပဉ္စမ – CHLD – 480 တို့မှလည်း Cupon အများဆုံး ရောင်းချပေးနိုင်ခဲ့တဲ့ အတွက် မှတ်တမ်းတင် ဂုဏ်ပြုဖော်ပြအပ်ပါတယ်။


    ပျော်ရွှင်စရာ ပွဲလေးဖြစ်အောင် ပူးပေါင်း ပါဝင်ကြသော Business Unit, Branches & Division များမှ တာဝန်ရှိသူများနှင့် UMGians များအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ ယခုနှစ် ကျင်းပပြုလုပ်သော UMG Family Gathering ပွဲတွင် အားနည်းချက်များ ရှိပါက နားလည်ပေး မယ်လို့ ယုံကြည်ပါတယ်။ နောက်လာမည့် နှစ်တွေမှာလည်း ယခုထက် ပိုမိုကောင်းမွန်သော အစီအစဉ်များဖြင့် အကောင်းမွန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်လို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ယခုတည်းက ဖိတ်ခေါ်အပ်ပါတယ်။