covid myanmar image

UMG Group of Companies မှ ကြီးမှူးကျင်းပသည့်  UMG Myanmar ရဲ့ (၂၆)နှစ်ပြည့်အထိမ်းအမှတ်အကြို ဖူဆယ်ပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် Yangon Waterboom Grass (1) Area တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲအခမ်းအနားသို့ UMG Group of Companies ၏ Chairwoman ဖြစ်သူ ဒေါက်တာမာလာဝင်း မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

26th Anniversary UMG Futsal Championship ပြိုင်ပွဲတွင် အမျိုးသားအသင်း (၁၁)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပွဲအဖြစ် Supply Chain အသင်း နှင့် CCD အသင်းတို့မှ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။
ပထမဆုကို Supply Chain အသင်းမှ ရရှိခဲ့ပြီး ဆုကြေးငွေ (၂၀) သိန်းကျပ်၊ ဒုတိယဆုကို CCD အသင်းမှ ရရှိခဲ့ပြီး ဆုကြေးငွေ (၁၅) သိန်းကျပ်၊ တတိယဆုကို Win Progress အသင်းမှရရှိခဲ့ပြီး ဆုကြေးငွေ (၁၀) သိန်းကျပ်တို့နှင့်အတူ တစ်ဦးချင်းဆုတံဆိပ်၊ အသင်းလိုက် ဆုတံဆိပ်များ ချီးမြှင့်ခဲ့ပါသည်။ 

ယခုနှစ်တွင် ထူးခြားချက်အနေနှင့် အမျိုးသမီးအသင်းအဖြစ် Gandamar အသင်းနှင့် Kumudra အသင်းတို့မှ ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။

ပထမဆုကို Gandamar အသင်းမှ ရရှိခဲ့ပြီး ဆုကြေးငွေ (၁၂) သိန်းကျပ်၊ ဒုတိယဆုကို Kumudra အသင်းမှ ရရှိခဲ့ပြီး ဆုကြေးငွေ (၈) သိန်းကျပ်တို့နှင့်အတူ တစ်ဦးချင်းဆုတံဆိပ်၊ အသင်းလိုက် ဆုတံဆိပ်များ ချီးမြှင့်ခဲ့ပါသည်။ 

ထို့အပြင် အကောင်းဆုံးဂိုးသမားဆုကို Supply Chain အသင်းမှ ကိုဝေလင်းထက်နှင့် အကောင်းဆုံးကစားသမားဆုကိုတော့ Supply Chain အသင်းမှပင် ကိုဇေလှိုင်ခန့် တို့က ရရှိခဲ့ပါသည်။