covid myanmar image

UMG Group of Companies ၏ လုပ်ငန်းခွဲ တစ်ခုဖြစ်သော Win Motor Co.,Ltd မှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျှက်ရှိသော Matador အမှတ်တံဆိပ် လယ်ယာလုပ်ငန်းသုံး ရိတ်သိမ်းခြွေလှေ့စက်များ လက်တွေ့သရုပ်ပြမောင်းနှင်ခြင်းနှင့် မိတ်ဆက်ပွဲကို ၂၀၁၉ ခုနှစ် မတ်လ (၂၉) ရက်တွင် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ မဲဇလီကျေးရွား၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သရုပ်ပြပွဲသို့ ညောင်တုန်းမြို့နှင့် အနီးတစ်ဝိုက်က ဒေသခံတောင်သူဦးကြီးများ၊ Win Motor Co.,Ltd မှ GM ဦးမောင်မောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ Matador  လယ်ယာသုံးစက်များဟာ တောင်ပေါ်မြေပြန့်မရွေး စိတ်ချစွာ အသုံးပြုနိုင် မည့်အပြင် အရစ်ကျ စနစ်ဖြင့် ဝယ်ယူ ရရှိနိုင်ပါသည်။ ထို့အပြင် အပို ပစ္စည်းတွေ စုံလင်စွာရရှိနိုင်ခြင်း၊ ဝန်ဆောင်မှုများ လျှင်မြန် စွာ ရရှိနိုင်ခြင်းကြောင့် လုပ်ငန်းခွင် အကျိုးကျေးဇူး များစွာ ရရှိနိုင်မှာ ဖြစ်ပါသည်။ ထို့ကြောင့် တောင်သူဦးကြီးတို့အတွက် စိတ် ကျေနပ်မှု ရရှိစေမည့် Matador ရိတ်သိမ်းခြွေလှေ့စက်များကို မနှေးအမြန်သာ ဝယ်ယူပြီး စက်မှုလယ်ယာလုပ်ငန်းကို အခုပဲ ပြောင်းလဲ လိုက်ဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

  Back