covid myanmar image

UMG Group of Companies ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သော People Origin Co.,Ltd. မှ တင်သွင်းဖြန့်ချိသော အမေရိကန်နိုင်ငံထုတ် Valvoline အင်ဂျင်ဝိုင်စက်ဆီ၊ချောဆီ၏ စက်ပြင်ဆရာများကို ဂုဏ်ပြုသော Mechanic Weeks အခမ်းအနားကို ၂၀၁၉ ခုနှစ် မေလ 3 ရက်နေ့တွင် Yangon Waterboom (ရှုခင်းသာ) တွင် ညနေ ၆ နာရီမှ ည ၉ နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပွဲအခမ်းအနားတွင် UMG Group of Companies နှင့် Valvoline အကြောင်းရှင်းလင်းပြောကြားခြင်း၊ Here and Now Dancer များမှ ကပြဖျော်ဖြေခြင်း၊ Jassy Power Unplugged Music band မှ တေးသံသာများဖြင့် ဖျော်ဖြေပေးခြင်းနှင့် ညစာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခြင်း၊ ဂိမ်းများကစားခြင်း၊ ကံစမ်းမဲများနှင့် ဆုလက်ဆောင်များ ပေးအပ်ခြင်းများဖြင့် ပွဲကို ခမ်းနားစွာကျင်းပခဲ့ပါသည်။


  Back